လူသား သက်တမ်း တစ်လျှောက် အနုပညာ သမိုင်းကို တစ်ချက် ပြန်လှည့်ကြည့်မယ် ဆိုရင်၊ ဆင့်ကဲ ပြောင်းလဲဆန်းသစ် လာတဲ့ အနုပညာ လှုပ်ရှားမှုတိုင်းဟာ နံရံနဲ့ တွဲဖက်နေတယ် ဆိုတာကို သတိထားမိမှာ ဖြစ်ပါတယ်။ အစောဆုံး ပေါ်ပေါက်ခဲ့တဲ့ ဂူနံရံပေါ်က လက်ရာတွေကနေ စလို့၊ အခု နှစ်ဆယ့်တစ်ရာစု လမ်းမတွေရဲ့နံရံပေါ်မှာ ရေးဆွဲကြတဲ့ လက်ရာတွေထိ နံရံတွေဟာ တည်ငြိမ်စွာနဲ့ တည်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဖန်သားပြင် (screen) တွေထိပါ အနုပညာဟာ ပါဝင်ပတ်သက်လာခဲ့ပြီ ဖြစ်ပါတယ်။

ထိုက်တန်တဲ့ အနုပညာ အရည်အသွေးကို အနုပညာ ချစ်မြတ်နိုးသူတိုင်း၊ စိတ်ဝင်စားသူတိုင်း လက်လှမ်းမီ လွယ်ကူစွာ ထိတွေ့နိုင်ဖို့ ဆိုတာကိ “နံရံ” က အဓိကထားပါတယ်။ အနာဂတ်မှာလည်း (အထူးသဖြင့်) အမြင်ဆိုင်ရာ အနုပညာရှင်တွေနဲ့ လက်တွဲပြီး မကြုံတွေ့ရသေးတဲ့ ထူးခြားမှုတွေကို ထုတ်လုပ် တင်ဆက်သွားမှာပါ။ ဒါကြောင့် “နံရံ” ဆိုတာဟာ အနုပညာ ဖန်တီးသူတွေနဲ့ သူတို့ရဲ့ အနုပညာကို စိတ်ဝင်စားသူတို့အကြား နည်းပညာရဲ့ပံ့ပိုးမှုနဲ့ ချိတ်ဆက်ပေးပြီး၊ ၎င်းအနုပညာတွေကို ခံစားလို့ ရစေမယ့် နေရာတစ်ခု အဖြစ် ကျွန်တော်တို့က ယုံကြည် သတ်မှတ်ထားပါတယ်။

အနာဂတ်မှာ ပိုမို လွတ်လပ်တဲ့ အနုပညာ ရပ်ဝန်းတစ်ခု ပေါ်ပေါက်လာပြီး၊ ၎င်းရပ်ဝန်းထဲမှာ တစ်ဦးချင်းစီတိုင်း လွတ်လပ်စွာ၊ သတ္တိရှိစွာ ဖန်တီးနိုင်ကြဖို့ကို မျှော်မှန်းရင်း၊ “နံရံ” ဟာ ရောက်ရှိလာခဲ့ပါပြီ။

OUR CAMPAIGNS

  • VII

    2022

  • MIDSUMMER VIRTUAL EXHIBITION

    2022

  • MIDSUMMER ART FAIR

    2022

  • Valentine’s Day 2022

    2022

  • It’s No Cry Day

    2021

  • Valentine’s Day 2021

    2021

  • Breeze In

    2020


  • exposes | collaborates | introduces | celebrates | diverts | presents

    Contact Us

    +959 7740 26375

    info@nanyan.com.mm

    nanyanmm.2020@gmail.com

    Follow Us

    Facebook

    Instagram

    LinkedIn

    NanYan © 2025 All Rights Reserved.