Hero Image

2022

MIDSUMMER VIRTUAL EXHIBITION

အချိန်ကာလအားဖြင့် နွေရာသီဟာ မကြာခင်မှာ ကုန်ဆုံးတော့မယ်။ ကျနော်တို့လည်း ရှောင်လွှဲ မရတဲ့ ဒီအပူဒဏ်ကို အံတုရင်းနဲ့ ဖြတ်သန်းကြရတယ်။ ဖြတ်သန်းနေရင်းနဲ့ တချို့အချိန်လေးတွေမှာ ဒီအပူဒဏ်ကနေ လွတ်လိုလွတ်ငြား၊ မလွတ်နိုင်သော်လည်း သက်သာလိုသက်သာငြား ထွက်ပေါက်အချို့ကို ရှာဖွေမိတတ်ကြတယ်။ ဒီလို လူတွေရဲ့စိတ်အခြေအနေတွေကို ဆင့်ပွားချိတ်ဆက်မိပြီး MIDSUMMER အနုပညာပြပွဲ (Virtual Exhibition) ကို “နံရံ” ကနေ စီစဉ်ဖြစ်ပါတယ်။

သဘာဝရဲ့အပူဒဏ်တွေကို ငြိမ်းသက်ပေးဖို့ မစွမ်းဆောင်နိုင်သော်ငြား အေးမြတဲ့ ရေကြည် တစ်ပေါက်တော့ ဖြန်းဆွတ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အဲဒါကတော့ ဒီအနုပညာတွေကို ခံစားကြည့်လိုက်ဖို့ပါပဲ။

MIDSUMMER ပြပွဲမှာ ALCO၊ ဘေးဘေး၊ ဒိုရှိုင်း၊ လှိုင်ဝေလွင်၊ ပြည့်ဝေမြဝင်း၊ သည်းဦးသဇင်၊ ဇာနည် စတဲ့ အမြင်ဆိုင်ရာ အနုပညာရှင် (၇) ဦး ပါဝင် ထားပါတယ်။ သူတိုံရဲ့ မတူညီတဲ့ စတိုင်တွေကို အသုံးပြုပြီး၊ မတူညီတဲ့ နောက်ခံအကြောင်းအရာတွေကနေ တဆင့် ဖန်တီးယူထားတဲ့ အနုပညာလက်ရာပေါင်း (၄၉) ခုကို တွေ့မြင်ရမှာ ဖြစ်ပြီး၊ Online ကနေ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။ ပြပွဲကာလကတော့ 20.5.2022 မှ 12.6.2022 ထိ ဖြစ်ပါတယ်။

REPRESENTED ARTISTS

ALCO

ALCO (မိုးကုတ်၊ ၁၉၉၉) သည် Diploma in Interior Design (2016-2017) ကို Yangon School of Interior Design ကျောင်းမှ ရရှိခဲ့သည်။ ငယ်စဥ်ကတည်းက Portrait Drawing များကို စမ်းသပ်ရေးဆွဲရင်း အနုပညာကိုပိုပြီး စိတ်ဝင်စားလာခဲ့သည်။ Emotional Trauma နှင့် Nightmare တို့ကို ပြန်လည်ခံစားပြီး မီဒီယံအစုံကို စမ်းသပ်အသုံးပြုထားသော လက်ရာများကို ဖန်တီးလေ့ရှိသည်။

BayBay

Baybay (ထားဝယ်၊ ၁၉၉၁) သည် ဓာတ်ပုံနှင့်ဆိုင်သော အနုပညာလက်ရာများနှင့် ဓာတ်ပုံကိုအခြေခံပြီး အခြားမီဒီယာများနှင့် ရောစပ်ကာ စမ်းသပ်ဖန်တီး‌သော ဆာရီရယ်လစ်ဇမ်လက်ရာများကို ပြုလုပ်ခဲ့သည်မှာ ငါးနှစ်ကျော်ပြီဖြစ်သည်။ လက်ရှိတွင် အလွတ်တန်းဓာတ်ပုံဆရာအဖြစ်လုပ်ကိုင်နေပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ Myanm/art ပြခန်း၌ ပြသခဲ့သော တကိုယ်တော်ပြပွဲအပါအဝင် အခြားသော ပြပွဲများစွာတွင်လဲ ပါဝင်ပြသခဲ့သည်။ပြည်တွင်းတွင် ကျင်းပခဲ့သော အကြီးဆုံးဓာတ်ပုံပြပွဲတစ်ခုဖြစ်သည့် “ရန်ကုန်ဓာတ်ပုံပြပွဲ” တွင်လည်း Baybay ၏ လက်ရာများကို ပါဝင်ပြသခဲ့သည်။

ဒိုရှိုင်း

ဒိုရှိုင်း (ရန်ကုန်၊ ၁၉၉၂)သည် ၂၀၁၀ ခုနှစ်လောက်တွင် Graphic Designer အဖြစ် စတင်ပြီး Graphic Design အပြင် Web Design နှင့် UI/UX တို့ကိုပါ ဖန်တီးခဲ့သည်။ ဂိမ်းနှင့် ဂိမ်းဆိုင်ရာ နယ်ပယ်များတွင် လက်ရှိ လုပ်ကိုင်နေပြီး၊Freelance အနေဖြင့် Illustrations, Character Design Concept များနှင့် Album Artwork များကို ရေးဆွဲလျက် ရှိပါသည်။

လှိုင်‌ဝေလွင်

လှိုင်ဝေလွင် (မော်လမြိုင်ကျွန်း၊ ၁၉၈၇) သည် ယဥ်ကျေးမှုတက္ကသိုလ်(ရန်ကုန်) ကျောင်းဆင်းအနုပညာရှင်တစ်ဦးဖြစ်ပြီး ရိုးရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို Digital နဲ့ ပေါင်းစပ်ပြီး Artwork များ ဖန်တီးလေ့ရှိသည်။ Digital Artwork များအပြင် ရေဆေးပန်းချီများကိုလဲ ရေးဆွဲလျှက်ရှိသည်။

ပြည့်ဝေမြဝင်း

ပြည့်ဝေမြဝင်း(ရန်ကုန်၊ ၁၉၈၃) သည် “DesignByRyanPyae” ဟူသော အမည်ဖြင့် Branding နဲ့ Visual Communications များကို လုပ်ကိုင်နေသော Freelance Graphic Designer ဖြစ်သည်။ Typography၊ Illustrated Maps၊ Apparel Designs နဲ့ Embroidery Patch Designs များကို ရေးဆွဲလျက်ရှိသည်။

သည်းဦးသဇင်

သည်းဦးသဇင် (ရန်ကုန်၊ ၁၉၉၃)သည် သရုပ်ဖော်ပုံများ၊ရုပ်ပြများကို အများအားဖြင့် ရေးဆွဲသည်။ အမျိုးသမီးပုံများနှင့် ပန်းမန်များကို အများဆုံး ရေးဆွဲလေ့ ရှိသည်။ လက်ရှိတွင် စာနှင့်ပုံ၏ အစပ်အဟပ်များကို ရေဆေး၊ မင်၊ Gouache၊ Digital Software များနှင့် အခြားသော Mixed Media များကို အသုံးပြုကာ စမ်းသပ်ရေးဆွဲလေ့ ရှိသည်။

ဇာနည်

ဇာနည် (ရန်ကုန်၊ ၁၉၈၄) သည် Graphic Designer အဖြစ် လုပ်ကိုင်နေပြီး Graphic Design နဲ့ Typography တို့ကို ဖန်တီးရေးဆွဲလျက်ရှိသည်။

MIDSUMMER VIRTUAL EXHIBITION

ALCO

Bay Bay

Doshine

Hlaing Wai Lwin

Pyae Wai Mya Win

Thee Oo Thazin

Zar Ni

MIDSUMMER Stickers

MIDSUMMER Postcards

exposes | collaborates | introduces | celebrates | diverts | presents

NanYan ©2020 All Rights Reserved.

Contact Us

+959 7740 26375info@nanyan.com.mmnanyanmm.2020@gmail.com